Sunday, January 18, 2009

羞恥心("ချစ်သူကို ဘယ်တော့မှ မငိုစေရဘူး"())

ရယ်ချင်လာတဲ့အခါ ရယ်ချလိုက်ပါ။
ဆုံးရှုံးမှုတွေချည်းပဲ ဆိုပေမယ့်....

ပိုက်ဆံကော သတ္တိကော ဘာတစ်ခုမှ မရှိပေမယ့်
အားအင်ရှိနေသရွေ့ အသက်ရှင်နေသွားနိုင်တယ်ကွ.....

မလိုအပ်တဲ့ မာနတွေကို လွှင့်ပစ်လိုက်ရင်
မနက်ဖြန်ကို မြင်ရမှာ အသေအချာပါ...

မစိုးရိမ်နဲ့ 〜မစိုးရိမ်ပါနဲ့ကွာ.... မငိုပါနဲ့ကွာ.....
မျက်ရည်နဲ့ မလိုက်ဖက်ဘူး၊ ကိုယ့်ရင်ခွင်ထဲကို လာခဲ့ကွာ.....

ရှူးချိရှင်း ....ရှူးချိရှင်း ...ရှူးချိရှင်း
ကိုယ်တို့တစ်တွေက
အားအင်ရှိတယ် အမြဲတမ်း
ဘယ်အချိန်ပဲ ဖြစ်ဖြစ် အရှုံးမပေးဘူး

ဘဝ... ဘဝ...ဘဝ...
မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်
ဘဝခရီးက ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်ပေမယ့်
ရယ်ချင်လာတဲ့ အခါ ရယ်ပစ်လိုက်

ကိုယ် .... ဂုဏ်ယူပြီး ကတိပေးနိုင်တာ တစ်ခုပဲ ရှိတယ်။
"ချစ်သူကို ဘယ်တော့မှ မငိုစေရဘူး"


ရှူးချိရှင်း ရှိတယ် ...ရှူးချိရှင်း ရှိတယ် ...
မစိုးရိမ်နဲ့ 〜မစိုးရိမ်ပါနဲ့ကွာ.... မငိုပါနဲ့ကွာ.....
*မှတ်ချက်၊ ရှူးချိရှင်း (Bandနာမည်ကို ဆိုလိုသည်။) :z


ဂျပန်သီချင်းကို ဘာသာပြန်ကြည့်တာ။ :z ဘာသာပြန်ရတာ တော်တော်ခက်တဲ့ သီချင်း သိလား။ ;) အထာတွေနဲ့ ပြောထားတာလေ။ ဘာပြောချင်လည်းကို တော်တော်စဉ်းစားယူရတယ်သိလား။ ဟူး.......မောသွားပြီ။ :( ဦးနှောက်လည်း ပင်ပန်းသွားပြီ။ :c သီချင်းဆိုတော့ အကြောင်းအရာက ဟိုရောက်ဒီရောက်နဲ့ ဘာတွေမှန်းကို သိဘူး။ ဒါပေမယ့်၊ စာသားကတော့ လန်းတယ်နော်။ :z အဲဒီ စာသားတွေထဲက ဇာတ်ကောင်က သူ့ကောင်မလေးက သူ့ကို ချက်ချင်း ယုံကြည်အားကိုးချင်စိတ်ပေါက်အောင် ပြောနိုင်တယ်။ ဟုတ်တယ်ဟုတ်။ ;)

No comments:

 

Design By:
SkinCorner